တောင်ကြီး မေ-၂၀
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကို မေလ(၂၀)ရက် နံနက်(၁၀)နာရီ က တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ကျင်းပသည်။
(၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်၊ မူလတန်းအဆင့် စုစုပေါင်း(၁၁၇)ဦး ပါဝင်ယှဥ်ပြိုင်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ အမှတ်(၁) အခြေခံ အပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းးသား၊ ကျောင်းသူများမှ လက်ခံရယူကြောင်းသိရသည်။
ဆက်လက်၍ တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပရာ ရှမ်းပြည်နယ်အမျိုးသား၊ အမျိုးသမီးအသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်းအသင်းမှတစ်ဦးချင်းမိတ်ဆက်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ၂၀၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရေးမှသတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများအတိုင်း စည်းကမ်းတကျ၊ စနစ် တကျရှိစွာဖြင့် မိမိအသင်းအောင်မြင်မှုရရှိနိုင်စေရန် တရားသဖြင့်ယှဥ်ပြိုင်၊ နိုင်အောင်ကြိုးပမ်းမည် ဆိုသည့် စိတ်ဓါတ်ဖြင့်ကြိုးစားယှဥ်ပြိုင်သွားကြရန်၊ အားကစားသမားအနေဖြင့်ပြိုင်ပွဲကာလ အတွင်းအစားအသောက်၊ အနေအထိုင်အသွားအလာများကို ဆင်ခြင်ပြီးစည်းကမ်းရှိရှိ နေထိုင် သွားလာစားသောက်ကြရန်နှင့် မိမိကျန်းမာရေးကိုအထူးဂရုစိုက်ကြရန်၊ အုပ်ချုပ်သူ၊ နည်းပြများ၏ သွန်သင်ဆုံးမမှုများကို နာခံမှတ်သားကြရန်ပြောကြားသည်။
၎င်းနောက် ရှမ်းပြည်နယ်အမျိုးသား၊ အမျိုးသမီးအသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်း အသင်းအုပ်ချုပ်သူမှပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများအား တင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အောင်နိုင်ရေးအလံနှင့် အသင်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ အသင်းအုပ်ချုပ်သူနည်းပြ၊ အားကစားသမားများမှ လက်ခံရယူကြ ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့