ကျိုင်းတုံ မေ-၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို မေ(၁၄)ရက် နံနက်(၇)နာရီခွဲက အမှတ်(၁၁) တပ်မတော်ဆန်းမြင့် လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အမှတ်(၁၁) တပ်တော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး အမှတ်(၁၁) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်က အဖွင့်မိန့်ခွန်းပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆောင် သင်တန်းသားများအား ရင်းရင်နှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားများ၏ အိပ်ဆောင်များ ကြည့်ရှု စစ်ဆေးကြပြီး အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ အမှတ်(၃) တပ်ခွဲစားရိပ်သာ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများနှင့်အတူ လက်ဖက်ရည်နှင့် မုန့်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြံဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်မှူး၊ အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းအုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်ဌာနဆိုင်များနှင့်အတူ စားသုံးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်၀ာန်း (၂/၂၀၂၄)တွင် သင်တန်းသား(၅၂၈)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့