တောင်ကြီး ဧပြီ- ၂၉
(၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အောင်မြင်စွာကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ(၂၉)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှုကို ပြည်ပနိုင်ငံများ၊ သံအမတ်များ၊ သတင်း မီဒီယာများသို့ ချပြသော နိုင်ငံတော် အခမ်းအနားဖြစ်သည့်အတွက် အဆင့်မီ ပြယုတ်တစ်ခုဖြစ်အောင် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများကို နှစ်အလိုက် နှိုင်းယှဥ်ကြည့်ပါက ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လ (၈၂)သန်းကျော်၊ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၁)သန်းကျော်၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၄၃)သန်းကျော်၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀၉)သန်းကျော်၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၅၀)သန်းကျော်၊ ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၆၅၁)သန်းကျော်၊ ၂၀၂၁ ခုနှစ် တွင် အမေရိကန်ဒေါ်လာ (၃၅၁.၅၃၇၈)သန်းကျော်၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂၇၈.၅၇၃)သန်းကျော် နှင့် ၂၀၂၃ ခုနှစ်တွင် မေရိကန်ဒေါ်လာ (၁၆၉.၁၇၅)သန်းကျော် တန်းဖိုးရှိမူးယစ်ဆေးဝါးများကို အသီးသီးဖျက်ဆီးနိုင်ခဲ့ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ဆွေးနွေးပြော
ကြားပြီး ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုမှ ယခင်နှစ်မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်ပြီး ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြ၍ ဆပ်ကော်မတီများမှ ဆွေးနွေး တင်ပြကာ အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး