တောင်ကြီး ဧပြီ-၁၄
၁၃၈၅ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသကြင်္န်အကျနေ့ ဧပြီ(၁၄)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ ရုံးဟောင်း၊ သစ်တောရပ်ကွက် ရုံးကြီးလမ်း၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို ပြည်သူများက အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။
သင်္ကြန်အကျနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး မြို့ပေါ်ရှိရပ်ကွက် ယိမ်းအဖွဲ့များ၊ ပညာရေးဌာနမှ ကျောင်းယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များမှ ပါဝင်ယှဥ်ပြိုင် ကပြဖျော်ဖြေကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက တက်ရောက်အားပေးကြသော ဧည့်ပရိတ်သတ်များ၊ ယိမ်းအဖွဲ့ဝင်များကို အတာရေပက်ဖျန်းပေးကြပြီး မွန်းလွဲပိုင်းတွင် ယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော် အဆိုတော်များမှ ဖျော်ဖြေတင်ဆက်ကြကြောင်း သိရှိရပြီးအလားသူ အင်းလေးရေပေါ်သကြင်္န် အကျနေ့တွင်လည်း ဒေသခံ ပြည်သူများမှ လာရောက်ရေကစား၍ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲကြပြီး နိုင်ငံကျော်အဆိုတော်များ၊ ဒေသခံအဆိုတော် များမှ ဖျော်ဖြေတင်ဆက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး