အေးသာယာ ဧပြီ-၁၂
ရှမ်းပြည်နယ်အတွင်း ဆီစက်လုပ်ငန်းများဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအတွက် ဆီစက်ဖွံ့ဖြိုးရေးချေးငွေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဧပြီ(၁၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်ခန်းမ၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆီစက်လုပ်ငန်းရှင်များ ချေးငွေနှင့်ပတ်သက်၍သိရှိနိုင်ရန်အတွ က်သက်ဆိုင်ရာဌာနများမှ ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင်အလားအလာရှိသော MSMEစီးပွားရေးကဏ္ဍ များစွာရှိသည့်အနက် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် စပါး၊ ဆီထွက်သီးနှံ
(နေကြာ၊မုံလာနှမ်း၊ပန်းနှမ်း)ဟင်းသီးဟင်းရွက် (ထောပတ်၊သရက်၊လက်ဖက်၊ကော်ဖီ၊ဂေါ်ဖီထုတ်)များ ပေါများစွာထွက်ရှိသည့်အပြင် ဒေသဖူလုံရုံသာမက ပြည်တွင်းဒေသစုံသို့ ဖြန့်ဖြူးရောင်းချပေးလျက် ရှိသည်ကို တွေ့ရပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များကိုထုတ်
လုပ်ကာ ပြည်တွင်း/ပြည်ပစျေးကွက်များသို့ ချိတ်ဆက်ဆောင်ရွက်နေသည့်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ
တော်အနေဖြင့် MSMEများကို ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချေးငွေများ၊ ရန်ပုံငွေများစီမံခန့်ခွဲ၍ ထုတ်ချေးပေးနိုင်ရေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိနှင့်ကိုက်ညီမှုရှိသည့်ချေးငွေများအလိုက် အချက်အလက်ပြည့်စုံစွာ တင်ပြလျှောက်ထား ကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်အေဂျင်စီအဖွဲ့အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမျိုးလွင်က ဆီစက်ချေးငွေနှင့်ပတ်သက်သည့်လုပ်ငန်းပိုင်းများအား ရှင်းလင်းပြောကြားပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဒုတိယအထွေထွေမန်နေဂျာဦးအောင်မျိုးထွန်းက ဆီစက်ချေးငွေစည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်သည့်ကိစ္စရပ်များအားရှင်းလင်းပြောကြား၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဒေါ်ယဥ်နွဲ့က ဆီစက်ချေးငွေစည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်သည့်ကိစ္စရပ်များအား အသီးသီးရှင်းလင်းပြောကြားကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာသည့်လုပ်ငန်းရှင်များမှဆွေးနွေးတင်ပြ၍ အထွေထွေဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးကာ ရှမ်းပြည်နယ် အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး