ဟိုပုံး ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မဟာသင်္ကြန်မဏ္ဍပ်နှင့် ဟိုပုံး-ဆီဆိုင် ပြည်ထောင်စုလမ်းမကြီး၊ ဟိုပုံးမြို့မရေလွှဲဆည်တို့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားသူများနှင့် သင်္ကြန်ချစ်သူများဖြင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် နှစ်စဉ်နှစ်ဆန်းတစ်ရက်နေ့အထိ ရေကစားလျက်ရှိပြီး ဗဟိုမဏ္ဍပ်၌ ခေတ်ပေါ် တေးသီချင်းသီဆိုမှုများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိရာ မဟာသင်္ကြန်ချစ်သူများ လာရောက်လည်ပတ်ကြပြီး ပျော်ရွှင်စွာကခုန်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရ သည်။ အဆိုပါ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအဖွဲ့များနှင့် အဆိုဝါသနာရှင်များ၏ တေးသီချင်း ဖျော်ဖြေပေးနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီးနောက် ဆုတော်ငွေများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး