မိုင်းဆတ် ဧပြီ-၄
မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ဧပြီ ၁၂ရက် မွန်းလွဲ ၃နာရီတွင် မိုင်းဆတ်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးညီညီထွေးသည် ခရိုင်/ မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့များနှင့် အစည်းအဝေး ကျင်းပရာ လုပ်ငန်းရှင်များတင်ပြမူအပေါ် ဆွေးနွေးခဲ့ကြပြီး မိုင်းဆတ်မြို့နယ် ဝိန်းဝိုင် ရပ်ကွက်နေ ဒေါ်ဘူးစွန်းမှဥစားကြက်မွေးမြူရေးလုပ်ငန်းအတွက် နိုင်ငံ့ စီးပွားမြှင့်တင်ရေး စီးမံကိန်းလုပ်ငန်း ရန်ပုံငွေမှ ချေးငွေ (၅၈) သန်း ချေးပေးနိုင်ရေး တင်ပြခဲ့ရာ ရှမ်းပြည်နယ်နိုင်ငံ စီးပွား မြင့်တင်ရေး စီမံကိန်းကြီး ကြပ်မှုကော်မတီမှ ဈေးငွေကျပ်(၁၄)သန်းသာ ခွင့်ပြုချေးခဲ့ပါသဖြင့် မူလတင်ပြသော ဥစားကြက်မွေးမြူ လုပ်ငန်းအတွက် လုံလောက်မူမရှိ ပါသဖြင့် ဒေသနွားမွေးမြူရေးလုပ်ငန်း လွှဲပြောင်း ဆောင်ရွက်ခွင့်ပြုရန် တင်ပြခဲ့မှုအပေါ် ရှမ်းပြည်နယ်ကော်မတီထံသို့ ထောက်ခံတင်ပြရန်၊ ဝိန်းနေရပ်ကွက်နေ ဒေါ်နန်းခမ်းအောင် မှ စီပီဝက်မွေးမြူရေး ချေးငွေ လျှောက်ထားတင်ပြခြင်းတို့အား Sop ပါ သတ်မှတ်ချက်များနှင့် ညီကြောင်း ထောက်ခံတင်ပြရန် ဆုံးဖြတ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး