ဟိုပုံး ဧပြီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့ နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား ဟိုပုံးတပ်နယ်မိသားစုမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ဟိုခိုကျောင်းတိုက်တွင် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် ဇနီး ဒေါ်မေရီရွှေ၊ အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များအား ရှိခိုးကန်တော့၍ ဆရာတော် များထံမှ ဩဝါဒကထာနာယူဆောက်တည်ကြသည်။ ယင်းနောက် ဟိုပုံးတပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ သည် အစိုးရပါဠိပထမပြန်စာမေးပွဲ ဟိုပုံးမြို့နယ်မှ ပထမကြီးတန်း စာရင်းရှိ(၁၃)ပါး၊ ဖြေဆို(၉) ပါး ၊ ပထမလတ်တန်း စာရင်းရှိ(၂၆ )ပါး၊ ဖြေဆို(၂၄)ပါး၊ ပထမငယ်တန်း စာရင်းရှိ ( ၇၈) ပါး ၊ ဖြေဆို(၆၉) ပါး၊ အခြေပြုမူလတန်း စာရင်းရှိ (၂၄၀ )ပါး၊ ဖြေဆို(၁၆၅)ပါး စုစုပေါင်း စာရင်းရှိ(၃၅၇)ပါး၊ ဖြေဆို (၂၆၇)ပါးဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဆီဆိုင်မြို့နယ်မှ ပထမကြီးတန်း စာရင်းရှိ(၂)ပါး၊ ဖြေဆို(မရှိ) ၊ ပထမလတ်တန်း စာရင်းရှိ(၆)ပါး၊ ဖြေဆို(၁)ပါး၊ ပထမငယ်တန်း စာရင်းရှိ ( ၂၄)ပါး ၊ ဖြေဆို(၇) ပါး၊ အခြေပြုမူလတန်း စာရင်းရှိ (၈၇ )ပါး၊ ဖြေဆို(၃၇)ပါး စုစုပေါင်း စာရင်းရှိ(၁၁၉)ပါး၊ ဖြေဆို (၄၅)ပါးဝင်ရောက်ဖြေဆိုနေမှုအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း နှင့် မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းနှင့် ဆွမ်းများဆက်ကပ် လှူဒါန်းပေး လျက်ရှိကြောင်းသိရသည်။ အဆိုပါ စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ (၉)ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး