မိုင်းဆတ် ဧပြီ(၆)
မိုင်းဆတ်ခရိုင်၏ မိုင်းဆတ်မြို့ ဟိုနားကျေးရွာအုပ်စု၊ဓာတ်စွမ်းမိန်းစေတီတော်အတွင်းအပြင်၌ ဧပြီလ(၆)ရက်နေ့ နံနက်(၇)နာရီတွင် ပြည်သူလူထုစုပေါင်း သန့်ရှင်းရေးပြုလုပ်ရာ ခေတ္တ စကခ (၁၄) မူး၊ ဗိုလ်မှူးကြီးဇင်မင်းထွန်းဦးဆောင်သော တပ်ရင်းတပ်ဖွဲ့များ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး ဦးဆောင်သည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များပါဝင် ပြီးစုစုပေါင်း အင်အား (၂၃၅)ဦးစုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သန်ရှင်းရေးအား စေတီတော်အတွင်းနှင့် အပြင်ဘက် အရှေ့ဘက်မုခ်ဦးဝန်းကျင် အဝင်လမ်းဘေးဝဲယာတို့အားမြက်ဖြတ်စက်များဖြင့်သန့်ရှင်းရေးပြုလုပ်ခြင်း၊ခြုံနွယ်များခုတ်ထွင်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး