ကျိုင်းတုံ ဧပြီ-၄
ရှမ်းပြည်နယ်ဝန်ကြီချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ဧပြီ(၄)ရက် နံနက်(၁၀)နာရီခွဲက ကျိုင်းတုံမြို့၊ လွိုင်မွေရှိနှစ်တစ်ရာအိမ်တော်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံ-လွိုင်မွေလမ်း အဆင့်မြှင့်တိုးချဲ့ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)လမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လွိုင်မွေကန်တံတား(၃၅၀)ပေ တည်ဆောက်နေမှုကိုကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျိုင်းတုံမြို့လေယာဥ်ကွင်း လျာထားစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အမှတ်(၂)ဆောက်လုပ်ရေး အဂျင်နီယာတပ်မှ တာဝန်ရှိသူများကရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြား၍ လေယာဥ်ကွင်းဆောင်ရွက်မည့်နေရာအား လှည့်လည်ကြည့်ရှုကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး