ဟိုပုံး ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက် မွန်းတည့် ၁၂ နာရီအချိန်က ဟိုပုံးမြို့ သီရိမင်္ဂလာသာသာနာ့ဗိမာန်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကို ဟိုပုံးမြို့နယ်မှ ပထမကြီးတန်း စာရင်းရှိ(၁၃)ပါး၊ ဖြေဆို(၉) ပါး ၊ ပထမလတ်တန်း စာရင်းရှိ(၂၆ )ပါး၊ ဖြေဆို(၂၄)ပါး၊ ပထမငယ်တန်း စာရင်းရှိ ( ၇၈)ပါး ၊ ဖြေဆို(၆၉)ပါး၊ အခြေပြုမူလတန်း စာရင်းရှိ (၂၄၀ )ပါး၊ ဖြေဆို(၁၆၀)ပါး စုစုပေါင်း စာရင်းရှိ(၃၅၇)ပါး၊ ဖြေဆို(၂၆၂)ပါးဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဆီဆိုင်မြို့နယ်မှ ပထမကြီးတန်း စာရင်းရှိ(၂)ပါး၊ ဖြေဆို(မရှိ) ၊ ပထမလတ်တန်း စာရင်းရှိ(၆)ပါး၊ ဖြေဆို(၁)ပါး၊ ပထမငယ်တန်း စာရင်းရှိ ( ၂၄)ပါး ၊ ဖြေဆို(၇)ပါး၊ အခြေပြုမူလတန်း စာရင်းရှိ (၈၇ )ပါး၊ ဖြေဆို(၃၇)ပါး စုစုပေါင်း စာရင်းရှိ(၁၁၉)ပါး၊ ဖြေဆို(၄၅)ပါးဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ပါဠိပထမပြန်စာမေးပွဲတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာမေးပွဲကာလအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း နှင့် မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းနှင့် ဆွမ်းများဆက်ကပ် လှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ဧပြီလ(၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး