ဟိုပုံး မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာပေဖတ်ရှုသူအချင်းချင်း ရင်းနှီးထိတွေ့မှုရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှတစ်ဆင့် လူငယ်၊ လူရွယ်၊ လူကြီး၊ အသိပညာဖလှယ်နိုင်စေရန်နှင့် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေရန် အတွက် စာရေးဆရာခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုမတ်လ(၂၅)ရက်မွန်းလွှဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း( Book Club) အဖွဲ့ဝင် များသည် စာရေးဆရာခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်တွင်ပါဝင်သည့် “မျှော်လင့်ချက်၊ အချိန်အခါကိုသိပါ၊ နှုတ်ဆက်ခွဲခွာ၊ လူတန်းစာအလွှာ မခြားနားစေရာ၊ စွန့်စားမှုဆီသို့ ခြေတစ်လှမ်း၊ ကျော်ကြားမှုအတွက် ပေးဆပ်ရခြင်း၊ စိတ်ကျ ရောဂါဆိုတာ ဒီလိုပါ၊ အမှတ်တရအချိန်များ” အစရှိသည့် အကြောင်းအရာများကို စာဖတ်ဝါ သနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ နားလည်သိရှိစေရန် ဆွေးနွေးပြောကြားခဲ့ပြီးနောက် စာဖတ်ဝါ သနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုသည်များ အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး