တောင်ကြီး မတ်-၂၄
(၇၅)နှစ်မြောက်စိန်ရတုပအိုဝ်းအမျိုးသားနေ့ကို မတ်(၂၄)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း(ဒဲဥ်သီး,ဗွေကွင်း)၌ ကျင်းပသည်။
အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံတော်လွှင့်တင်၍ အလေးပြုခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အလံတော်ကိုအလေးပြုခြင်း၊ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်များအား အလေးပြုကြသည်။
ဆက်လက်၍ သဘာပတိကြီးပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားတန်စင်,ဖာအောင်ခမ်းထီက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အများဆုံးနေထိုင်ကြကာ ရိုးသားဖြူစင် ဖြောင့်မတ်ပွင့်လင်းကြပြီး ဘာငာတရားများအထူးကိုင်းရှိုင်းကြသည့် လူမျိုးဖြစ်သည့်အပြင် မေတ္တာတရားကိုအစဥ်နှလုံး
သွင်းသူ၊ စေတနာသဒ္ဒါတရားထက်သန်ပြီး အေးချမ်းစွာနေထိုင်တတ်ကြသူများလည်းဖြစ်ပါကြောင်း၊ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်အစိုးအဆက်ဆက်မှအထူးအလေးထား ပူးပေါင်းဆောင်ရွက်ခဲ့သကဲ့သို့ မိမိတို့အစိုးရအဖွဲ့ကလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားတို့၏ဆန္ဒသဘောထားများနှင့် လိုလားချက်များကိုလည်း မိမိတို့အစိုးရမှသိရှိနားလည် သဘောပေါက်ပြီး အထူးအလေးထားကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် မိမိတို့အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ပအိုဝ်းပြည်သူလူထု၏အခြေအနေအရပ်ရပ်ကို ဆီဆိုင်မြို့နယ်ပအိုဝ်းစာပေယဥ်ကျေးမှုအဖွဲ့ ဦးထီးမှ တင်ပြပြီး ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေများပေးအပ်ရာရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပအိုဝ်းအမျိုးသားနေ့ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး