အေးသာယာ မတ်-၂၂
(၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်တောင်ကြီးမြို့၊အေးသာယာမြို့၊နောင်အင်လမ်း(မီးပွိုင့်လမ်းဆုံမှတိုင်းရင်းသားသက်မွေးစင်တာသင်တန်းကျောင်းအထိ)ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကိုမတ်(၂၂)ရက်နံနက်(၈)နာရီကအဆိုပါလမ်းနေရာ၌ကျင်းပသည်။
ဖွင့်ပွဲတွင်နောင်အင်လမ်းအဆင့်မြှင့်တင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်စည်ပင် သာယာရေးဌာန၊ ညွှန်ကြားရေးမှူးဦးစိုင်းထွန်းထွန်းမှ ရှင်းလင်းတင်ပြပြီး နောင်အင်လမ်း၊ ကွန်ကရစ် လမ်းသစ်အား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ၍ ပြည်နယ် ဝန်ကြီးချုပ်က ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီမြှင့်ငွေ ပေးအပ်ပြီး ကွန်ကရစ် လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။
ဆက်လက်၍(၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်Taunggyi View Point ပန်းခြံသစ် ဖွင့်ပွဲကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူး၊ မြို့မိမြို့ဖတစ်ဦးတို့မှ ပန်းခြံသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေး၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်တာဝန်ရှိသူများက ပန်းခြံဆိုင်းဘုတ်အား အမွှေးနံသာရည်ဖြင့် ပက်ဖျန်း ပေးကြပြီး ပန်းခြံသစ်အား ဆောင်ရွက်ပေးကြသော စည်ပင်သာယာရေးဌာန၊ စိန်နှင်းဆီသတ္တုတူးဖော်ရေးကုမ္မဏီလီမိတက်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ရှမ်းပြည်နယ်အသင်းခွဲ)တို့ကို ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်၍ ဘင်ခရာတပ်ဖွဲ့၊ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့တို့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရင်းမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် Taunggyi View Point ပန်းခြံသစ်မီးပုံးပျံရုပ်ထုရှေ့ မြေကွက်လပ်တွင် နေ့လွှတ်အရုပ်မီး
ပုံးပျံ (ဆင်၊ ရွှေငါး ၊ခို၊ ဂူအန်ငှက်၊သိန်းငှက်) ရုပ်များဖြင့်လွတ်ကြပြီး ကိန္နရီ၊ ကိန္နရာ၊ တိုးနယား အကများဖြင့် ဖျော်ဖြေမှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ Taunggyi View Point ပန်းခြံသစ်တွင်အများပြည်သူကလေး၊ လူကြီးများလာရောက်အပန်း
ဖြေအနားယူနိုင်ကြပြီး သန့်ရှင်းသောလေကိုရှုရှိုက်၍ သာဘဝရှုခင်းအလှအပများနှင့် ဆောင်းရာသီအချိန်တွင် တိမ်ပင်လယ်တို့ကို ကြည့်ရှုခံစားနိုင်ပြီး အမှတ်တရဓါတ်ပုံ အလှများရိုက်ကူးနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်းနှင့် အခမဲ့လာရောက် အပန်းဖြေနိုင်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး