ဟိုပုံး မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ ခုနှစ် အခြေခံမူလတန်းဆင့်သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းရည်မြင့်မား ရေးဆွေးနွေးပွဲကို မတ်လ(၂၀)ရက် နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့မှ အခြေခံမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ၏ သင်ကြားရေးနည်းဗျူဟာများကို ကျွမ်းကျင်စွာသိရှိရန်၊ ဘာသာရပ်အလိုက်သင်ကြားမည့် ဆရာ/ဆရာမများများ၏ အရည်အသွေးပိုမိုမြှင့်တင်ပေးရန်၊ သင်ကြား၊ သင်ယူမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်ရန်၊ ဝန်ထမ်းအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်နှင့် သတ်မှတ်ထားသော စံအညွှန်းကိန်းများကို တတ်ကျွမ်းနားလည်စေရန် အတွက် ဆွေးနွေးပွဲဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းသိရသည်။
ဟိုပုံးမြို့နယ်မှ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက ဆွေးနွေးပို့ချရာတွင် အရည်အသွေးမြင့်မားရေး၊ သင်ကြားရေးနည်းဗျူဟာများ၊ ကျွမ်းကျင်စွာသိရှိရေး၊ သင်ကြားသင်ယူမှု လုပ်ငန်းများစစ်ဆေးအကဲဖြတ်တတ်ရန် သတ်မှတ်ထားသော စံအညွှန်းကိန်းများကို တတ်ကျွမ်းနား လည်စေရေးအတွက် မတ်လ(၂၀)ရက်နေ့မှ မတ်လ(၂၃)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး