ညောင်ရွှေ မတ် ၁၈
၂၀၂၄-ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလျားကျိုင်းခမ်း ကျေးရွာအုပ်စုရှိ လွယ်မောရွာအဝင် ကတ္တရာလမ်းသစ်ဖွင့်ပွဲကို မတ်(၁၈)ရက် နံနက်(၁၀)နာရီက အဆိုပါလမ်းထိပ်မုခ်ဦးအနီးရှိ ယာယီမဏ္ဍာပ်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ၏ လူဦးရေ(၇၀)ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများအတွင် အများဆုံးနေထိုင်ကြပြီး မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက် မြင့်မားလျက်ရှိတာကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် အဓိကအခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ သန့်ရှင်း သောသောက်သုံးရေ၊ လျှပ်စစ်မီး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ရှမ်းပြည်နယ် ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ပြည်ထောင် စုဘဏ္ဍာနှင့် ပြည်နယ်ဘဏ္ဍာစုစုပေါင်း ရန်ပုံငွေ(၂၂၅၃၉.၁၈၇)သန်းဖြင့် ကွန်ကရစ်လမ်း(၆)လမ်း၊ ကတ္တရာလမ်း(၄၃)လမ်း၊ ကျောက်ချောလမ်း(၆၈)လမ်း၊ မြေသားလမ်း(၃၅)လမ်း ကျေးလက်လမ်းစုစု ပေါင်း(၁၅၂)လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စဉ်ဆက်မပြတ် နှစ်စဉ် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် လမ်း၊ တံတားများကို ရေရှည်တည်တံ့စေရေး ကျေးလက်ဒေသနေ ဒေသခံပြည်သူများအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်းဖြင့် ထည့်သွင်းပြောကြားသွားသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးက လမ်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
၎င်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးတို့က လွယ်မောရွာအဝင်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးများနှင့်ဧည့်သည်တော်များက လမ်းအားကြည့်ရှု့စစ်ဆေးပြီး ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။ အဆိုပါလွယ်မောရွာအဝင် ကတ္တရာလမ်းသည် အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-တုံဟုံး လမ်းမကြီးနှင့်ချိတ်ဆက်ထားရှိပြီး လမ်းအရှည် ၂/၄ မိုင်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့၍ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ဆောင် ရွက်ပြီးစီးခဲ့ပြီး Class – A အဆင့်ရှိသည့် ကတ္တရာလမ်းအမျိုးအစားဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အတွက် အိမ်ခြေပေါင်း(၂၇၈)အိမ်၊ လူဦးရေ(၁၁၄၆)ဦးနှင့် စိုက်ပျိုးဧက (၁၄၆၀)ဧကကို အကျိုးပြု မည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး