တောင်ကြီး ဇန်နဝါရီ-၄
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကိုဇန်နဝါရီ(၄)ရက်နံနက်(၄)နာရီမိနစ်(၂၀)ကတောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်းအပြည့်လွှင့်ထူပေးပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များမှနိုင်ငံတော်အလံအားအလေးပြုကြသည်။
အဆိုပါအခမ်းအနားသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြ သည်။
ဆက်လက်၍သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက်(၇)နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာစစ်ရေးပြတပ်ခွဲမှ စစ်ကြောင်းများဖြင့်ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးအားအလေးပြု၍အခမ်းအနားတက်ရောက်လာကြသော တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့မှနိုင်ငံတော်သီချင်းကိုတီးမှုတ်ဂုဏ်ပြုပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကာဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးကနိုင်ငံ
တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာအားဖတ်ကြား၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နနယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ စစ်ရေးပြတပ်ဖွဲ့များနှင့်ဂုဏ်ပြုစစ်တီးဝိုင်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြ ကြောင်းသိရသည်။
ထို့နောက်(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲအားကစားများကို ပြည်နယ်အားကစားကွင်း၌ အမျိုးသား၊ အမျိုးသမီးလွန်ကြိုးဆွဲပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ မြန်မာ့သိုင်း၊ သံပုံးရိုက်၊ ချောတိုင်တက်၊ အာလူးကောက်၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဘတ်စကက်ဘောရှုတင်၊ ဘောလုံးဂိုးကျဥ်း၊ ဖူဆယ်၊ သံလုံးပစ်၊ လှံတံပစ်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ (၁၀၀၀၀)ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲနှင့် မူကြိုကလေးများပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းများနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အသီးသီးဆုများချီးမြှင့်ပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး