ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-12(သင်ရိုးသစ်)၊ တက္ကသိုလ်ဝင် အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ( ၃)ရက် နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့မှ အခြေခံပညာအထက်တန်းအဆင့်ကျောင်းများမှ ဆရာ၊ ဆရာများနှင့် တွေ့ဆုံ၍ လိုအပ်သည် များလမ်းညွှန်မှာကြားပြီးနောက် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့ နယ်တို့မှ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမ(၉)ဦးတို့က အခြေခံပညာ အထက်တန်း အဆင့် Grade-12(သင်ရိုးသစ်) ဘာသာရပ်များဖြစ်သည့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်များဆက်လက်ပို့ချပေးခဲ့ ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပို့ချခြင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အခြေခံပညာ ကျောင်းများ တွင် တက်ရောက်သင်ကြားနေသော Grade-12(သင်ရိုးသစ်) တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် အောင်ချက်မြင့်မား ရေးနှင့် အခြေခံပညာ အထက်တန်းအဆင့် Grade-12(သင်ရိုးသစ်) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အဆင့်မြင့်ပညာများဆက်လက်သင်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပြု လုပ်ရခြင်းဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး