ကျိုင်းတုံ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ(၂၈)ရက် နံနက်(၈)နာရီက ကျိုင်းတုံမြို့ပတ်ဝန်းကျင်ရှိ လယ်ယာစိုက်ခင်းများသို့ သွားရောက်၍ စပါးစိုက်ပျိုးနေမှုနှင့် ဆောင်းသီးနှံ အာလူး၊ ပဲ၊ ပြောင်း၊ မုန်လာစိုက်ခင်းများအားကြည့်ရှုကာ စိုက်ပျိုးရေးတောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီူချုပ်သည် လွယ်လုံကျေးရွာရှိ ဥစားကြက် စီးပွားဖြစ်မွေးမြူရေးခြံသို့ သွားရောက်ကြည်ရှုရာ ကြက်မွေးမြူထားရှိမှုအခြေအနေများ၊ ကြက်ခြံသန့်ရှင်းရေး၊ အစာစပ်ပုံများ၊ ကြက်ဥဈေးကွက်အခြေအနေနှင့် ကြက်ခြံဝန်ထမ်းအခြေအနေများကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ယန်းပူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုဌာနကျောင်းတိုက်၊ သံသရာအေးကျောင်းတိုက်များသို့ သွားရောက်၍ ဆရာတော်များအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီး-ကျိုင်းတုံ လမ်းမပေါ်ရှိ ကျိုင်းဖောင်းတံတားသစ် တည်ဆောက်နေမှုလုပ်ငန်းနှင့် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ရပ်တော်မူလမ်း ကွန်ကရစ်ခင်းခြင်းလလုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုင်းတုံမြို့ ကုန်တင်ယာဉ္ကြီးများ ယာယီယာဉ္ရပ်နားစခန်းသို့ သွားရောက်၍ မော်တော်ယာဉ္မောင်းများနှင့် တွေ့ဆုံနုတ်ဆက်ပြီး ကုန်စည်စီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို မေးမြန်းဆွေးနွေး၍ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုင်းတုံမြို့ ပြည်နယ်အားကစားကွင်း ပွဲကြည့်စင်အဆင့်မြှင့်တင် တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေး ပြည့်မီရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းလိုက်ပါ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှားစကားအသီးသီးပြောကြားပြီး စစ်မှုခထမ်းဟောင်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနိှုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံံ့ငွေများပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင်အဖွဲ့သည် ကျိုင်းတုံမြို့အတွင်းရှိ ပညာရေးဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး