မက်မန်း ဒီဇင်ဘာ ၂၃
၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ၊ (စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက် ၅နာရီ ၄၅ အချိန်တွင် မက်မန်းမြို့၏ မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့စုရပ်မှ မက်မန်းမြို့၊ ဗိုလ်ချုပ်(မြို့လယ်)လမ်းအတိုင်း မြို့နယ်ဘောလုံးကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး မြို့နယ်ဘောလုံးကွင်းတွင် ကိုယ်ကာယ သွေးပူလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစုပေါင်းလမ်းလျှောက်ပွဲကို ခစဖ ဥက္ကဋ္ဌဦးကျော်သောင်းနှင့် ဇနီး၊ ခစဖ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မစဖ ဥက္ကဋ္ဌဦးထွန်းလင်းအောင်နှင့် ဇနီး၊ မစဖအတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား(၁၅၀)ဦးခန့် ပါဝင်လမ်းလျှောက်ခဲ့ပါကြောင်းနှင့် ၎င်းပါဝင်လမ်းလျှောက်သူများအား မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ကောက်ညှင်းပေါင်းနှင့်အကြော် ကျွေးမွေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး