ပင်းတယ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့မအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်၂၀၂၃ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအား အော်ယော(ပင်းတယ)အသင်းနှင့် ရေဦး(ရွာငံ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပိုက်ကျော်ခြင်းအားကစား ဝါသနာရှင်ပရိတ်သတ်များတက်ရောက်အားပေးခဲ့ကြပြီး အော်ယော(ပင်းတယ)အသင်းက အနိုင်ရရှိခဲ့ကြောင်းသိရသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားအားဆက်လက်ကျင်းပရာ ၂၀၂၃ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများနှင့် နေရာအလိုက်အကောင်းဆုံးဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်ကစားသမားများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုဖလား၊ ဆုဆွဲပြားများနှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကြီးကြပ်မှုဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် ပိုက်ကျော်ခြင်းအား ကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ လူငယ်မျိုးဆက်သစ်များအား မွေးထုတ်ပေး နိုင်ရန်၊ လူငယ်လူရွယ်အချင်းချင်းစည်းလုံးညီညွှတ်မှု ရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် ဓနုဒေသ၏အားကစား ကဏ္ဍတိုးတက်မြင့်မားစေပြီး မျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများပေါ်ထွက်လာစေရန် စသည့်ရည်ရွယ် ချက်များဖြင့် ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း နှင့် ပြိုင်ပွဲကိုဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲသို့ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ ပြိုင်ပွဲဝင်အသင်း (၁၂)သင်းဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး