ပင်းတယ ဒီဇင်ဘာ ၁၈
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ဆဋ္ဌမ အကြိမ် မြောက် ဓနုအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ပင်းတယမြို့ အသေးစား ၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ MSMEs ဒေသထွက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၈)ရက် နံနက် ၁၀ နာရီအချိန်က ရွှေဥမင်ဘုရားနယ်မြေအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်း ၊ ဓနုတိုင်း ရင်းသားရေးရာအဖွဲ့ချုပ်ဥက္ကဌ ဦးဘမော်နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် ဦးဘစီတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းရှင်များမှ ထုတ်လုပ်ရောင်းချလျက်ရှိသော ဒေသထွက်ကုန်ပစ္စည်းများနှင့် ဆဌမအကြိမ်မြောက် ဓနုအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဓနုတိုင်းရင်းသားသမိုင်းနှင့် ရိုးရာအထိမ်းအမှတ်ပြခန်းနှင့် ဓနုဒေသခရီးသွားပြခန်း၊ ဓနုရိုးရာအစား အသောက်ဈေးဆိုင်တန်း များအား လှည့်လည် ကြည့်ရှု့အားပေးခဲ့ကြသည်။
ဓနုအမျိုးသားနေ့ကို (၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် )၂၆.၁၁.၂၀၁၇ ရက်နေ့တွင် ပင်းတယမြို့ ဒေသဦးစီးခန်းမတွင် ဓနုတစ်မျိုးသားလုံး ပထမဆုံးအကြိမ် ညီလာခံကို စတင်ကျင်းပခဲ့ပြီး ဓနုအမျိုးသားနေ့အဖြစ် အတည်ပြုခဲ့သောကြောင့် နတ်တော်လဆန်း (၈)ရက်နေ့ သည် ဓနုအမျိုးသားနေ့ ဟူ၍ဖြစ်ပေါ်လာခဲ့ပြီး ဓနုအမျိုးသားနေ့အား ရပ်စောက်၊ ကလော ၊ နောင်ချို၊ ရွာငံ၊ အောင်ပန်း မြို့များတွင် အလည့်ကျနှစ်စဉ် ကျင်းပခဲ့ရာ ယခု ဆဌမအကြိမ် မြောက် ဓနုအမျိုးသားနေ့ညီလာခံကို ပင်းတယမြို့တွင် ပျော်ပွဲရွှင်ပွဲများ၊ ဈေးရောင်းပွဲတော်များဖြင့် (၁၈.၁၂.၂၀၂၃)ရက်နေ့မှ (၂၀.၁၂.၂၀၂၃)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး