မိုင်းဆတ် ဒီဇင်ဘာ၁၂

ရှမ်းသက္ကရာဇ် (၂၁၁၈)ခုနှစ် မြောက်ရှမ်းတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားဖွင့်ပွဲကို မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် မယ်ဆွမ် မြောက်ရပ်ကွက်ကားလေးကွင်းအတွင်း၌ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက် (၈)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှမ်းနှစ်သစ်ကူးဖွင့်ပွဲအခမ်းအနားကို ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီးဇင်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းခမ်းကျောက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သဘာပတိ ဦးစိုင်းအေးမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါကြောင်း၊ ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း တောင်ကြီးမြို့မှ ပေးပို့လာသောသဝဏ်လွှာကို မိုင်းဆတ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးစိုင်းဆာအောင်က ဖတ်ကြား၍ ရှမ်းနှစ်သစ်ကူးသမိုင်းကျဉ်းကို နန်းယိင်းနွမ်ဟွမ်က မြန်မာဘာသာဖြင့် ဖတ်ကြားခဲ့ပါသည်။
ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းခမ်းကျောက်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ခေတ္တ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီးဇင်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းခမ်းကျောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုပြခန်းကို လေ့လာကြည့်ရှုခဲ့ပါကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး