မိုင်းဆတ် ဒီဇင်ဘာ ၉
ဒီဇင်ဘာလ စနေနေ့ဒုတိယပတ် ပြည်သူလူထုစုပေါင်းလမ်းလျှောက်ပွဲ အခမ်းအနားအား ဒီဇင်ဘာလ(၉) ရက် နံနက်(၅)နာရီခွဲချိန်တွင် မိုင်းဆတ်မြို့ အားကစားကွင်း တွင်စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေးကျင်းခန်း အတွဲ ၁/၂ ဖြင့် စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး ပြုလုပ်ခဲ့ပါကြောင်း သိရသည်။
မိုင်းဆတ်ခရိုင်၏ ခတ္တ စကခ (၁၄) မူး၊ ဗိုလ်မှူးကြီးဇင်မင်းထွန်း ဦးဆောင်သော တတ်ရင်းတပ်ဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းမိသားစုများ၊ မြို့ပေါ်ကျောင်းများမှ ဆရာ/ဆရာမနှင့် ကျောင်းသားကျောင်းသူများ ပါဝင် ပြီး စုစုပေါင်း (၄၅၀)ဦး စုပေါင်းလမ်းလျှောက်ခဲ့ကြပါသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲအား အထက (ကျောင်းကြီး) လမ်းဆုံတွင် စုရပ်ပြုလုပ်၍ အနော်ရထာလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ပြီး ဘုရင့်နောင်လမ်းမှ စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်သည့် ဌာနဆိုင်ရာများ ပြည်သူလူထုနှင့် ကျောင်းသား/ကျောင်းသူများအား ခရိုင်/မြို့နယ် လမ်းဦးစီးဌာနမှ ကောက်ညှင်းပေါင်း/ အကြော်/ လဖ္ဘက်ရည်တို့ဖြင့် ကျွေးမွေးပြီးကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး