တောင်ကြီး                                              ဇွန်-၁

၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် ဖွင့်လှစ်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇)  ၊ အမှတ်(၁၅) အခြေခံပညာအလယ်တန်းကျောင်း၊အမှတ်(၁၀) အထက(ခွဲ)အလယ်တန်းကျောင်း၊ အမှတ်(၁၉) အခြေခံပညာမူလတန်းကျောင်း ၊အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့နံနက် (၉)နာရီက  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူတို့က ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအား ကြည့်ရှုအားပေးစကားပြောကြားပြီး ကျောင်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ရာကျောင်းအုပ်ဆရာ၊ဆရာမကြီးများမှ လက်ခံရယူကြကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်တွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် စုစုပေါင်း(၁၃၁၇)ဦး၊  အမှတ်(၇)အလယ်တန်းကျောင်းတွင်စုစုပေါင်း(၂၃၁)ဦး၊ အမှတ်(၁၅) အလယ်တန်းကျောင်းတွင် စုစုပေါင်း(၇၁၅)ဦး ၊ အမှတ်(၁၀)အထက(ခွဲ)အလယ်တန်းကျောင်းတွင်စုစုပေါင်း(၅၀၈)ဦး၊ အမှတ်(၁၉) အခြေခံပညာ မူလတန်းကျောင်းတွင်(၅၈)ဦး ၊ကျောင်းသားကျောင်းသူများပညာသင်ကြားလျက်ရှိပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် ယနေ့အထိကျောင်းအပ်သူဦးရေ စုစုပေါင်း(၅၇၄၈၀၉)ဦးရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့