ပင်းတယ ဇွန်-၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တိုင်းရင်းရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂)ရက် မွန်းလွဲ (၁) နာရီက ရွာငံမြို့၊ခံတောကျေးရွာရှိ (X-ray) စစ်ဆေးရေးဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ပြီးမြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းအား သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမတွင် မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်း၊ တည်ဆောက်ရေး(၇) ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွှန့်ဌေးက ဆည်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးရန်၊ ရေသိုလှောင်ရမည့် ပမာဏနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးစရာများ ရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆည်အတွင်း လှည့်လည်ကြည့်၍ ရေအားလျှပ်စစ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် MSMEs အသေးစား၊အလတ်စား၊အငယ်စား ဒေသထွက်ကုန်ပစ္စည်းထုတ်လုပ်နေသော ဉာဏ်ကြီးရှင် ကော်ဖီလုပ်ငန်း အဆင့်ဆင့်ထုတ်လုပ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့