ကျိုင်းတုံ ဖေဖော်ဝါရီ-၁၂
ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားတွင် ဥပုသ်နေ့တိုင်း ကျင်းပမြဲဖြစ်သော မျက်နှာတော်သစ် အခမ်းအနားကို ဖေဖော်ဝါရီလ(၁၂)ရက် နံနက်(၅) နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့်ဘက်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးနှင့် နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ၊ မြို့ဖများက မဟာမြတ်မုနိဘုရားအား မျက်နှာတော်သစ်ရေကပ်လှူခြင်းနှင့် မျက်နှာတော်အလင်းဖွင့်ခြင်းမျာတွင် ပါဝင်ကုသိုလ်ယူခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက်( ၇၈ ) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို နံနက်(၇) နာရီတွင် ကျိုင်းတုံမြို့၊ ခရိုင်အားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးဇော်လွင်ဦးက ဖတ်ကြားခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းကာ တက်ရောက်လာသူများမှ ခင်းကျင်းပြသထားသည့် အသေးစား၊အလတ်စား၊အငယ်စားMSMEဒေသထွက်ကုန်ပစ္စည်းပြခန်းများလှည့်လည်ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မိဘပြည်သူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၁၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး