တောင်ကြီး ဖေဖေါ်ဝါရီ-၁၃
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ဖေဖေါ်ဝါရီလ (၁၂)ရက်၊ ညနေ(၆)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ တည်ခင်းဧည့်ခံသော စားသောက်ဖွယ်ရာများကို သုံးဆောင်ကြပြီး ဖျော်ဖြေရေးအစီအစဥ်များဖြင့် ဖျော်ဖြေရာ ရှမ်း၊ ထနော့၊ တောင်ရိုး၊ ပအိုဝ်း၊ အင်းသား၊ ဓနု၊ ကိုးကန့်၊ ယင်းနက်တိုင်းရင်းသား ယဥ်ကျေးမှုအကအဖွဲ့များ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ တောင်ကြီးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ယင်းနက်တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များ၊ ကချင်တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များ ဆေး တက္ကသိုလ် (တောင်ကြီး)တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ချင်းဝါးညှပ်အကဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ဇနီးကဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး