တောင်ကြီး ဒီဇင်ဘာ-၄
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဥ်(၁/၂၀၂၄)ကို ဒီဇင်ဘာလ(၄)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လုပ်ငန်း ကော်မတီများဖွဲ့စည်းထားပြီးဖြစ်၍ ဆွေးနွေးတင်ပြပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးအနှစ်သာရသိရှိနိုင်ရန်နှင့် စာစီစာကုံးပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ထည့်ဝင်ကျင်းပ ပေးနိုင်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီများဖြစ်သည့် စစ်ရေးပြလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့်ညစာစားပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ အားကစားပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့က အသီးသီးဆွေးနွေးတင်ပြကြသည်။
၎င်းနောက် အခမ်းအနားတက်ရောက်လာသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က အထွေထွေဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီတင်ပြ ဆောင်ရွက်ပေးကြရန် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့