တောင်ကြီး ဇန်နဝါရီ-၃
(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ(၃)ရက်၊ ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ကလေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဌာနမှူးဒေါက်တာမြင့်နီလာ မှ ကလေးပြိုင်ပွဲအမှတ်ပေးစည်းမျဥ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။
ထို့နောက် ပြိုင်ဝင်ကလေးများအား ဆုချီးမြှင့်ရာ လွတ်လပ်ရေး မောင်၊ မယ်ဆုအမွှာဆု (အသက်၁နှစ်ခွဲမှ၂နှစ်အတွင်း) ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကလေးများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ (အသက်၁နှစ်မှ ၁နှစ်ခွဲအတွင်း) ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကလေးများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကကြီးမှ ချီးမြှင့်ပေး၍ လည်းကောင်း၊ (အသက်၆လမှ၁နှစ်အတွင်း) ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကလေးများအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ (မွေးစမှ အသက်၆လအတွင်း) ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကလေးများအား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၏ဇနီးမှ ဆုများချီးမြှင့်ပေးကြကြောင်းသိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် ကလေးများအား အရုပ် လက်ဆောင်များ ပေးအပ်ကြပြီး ကာကွယ်ဆေးထိုးနှံသည့် ကလေးများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါကလေးပြိုင်ပွဲတွင် အသက်(၆)လကလေးအမျိုးသား(၇)ဦး၊ ကလေးအမျိုးသမီး(၄)ဦး၊ အသသက်(၆)လမှ(၁)နှစ် ကလေးအမျိုးသား(၈)ဦး၊ ကလေးအမျိုးသမီး(၈)ဦး၊ အသက်(၁)နှစ်မှ ၁နှစ်၆လကလေးအမျိုးသား(၁၉)ဦး၊ ကလေးအမျိုးသမီး(၂၂)ဦး၊ အသက်(၁)နှစ်၆လမှ(၂)နှစ် ကလေးအမျိုးသား(၈)ဦး၊ ကလေးအမျိုးသမီး(၁၄)ဦး၊ စုစုပေါင်းကလေးအမျိုးသား၊ အမျိုးသမီး(၉၀)ဦးပါဝင်ယှဥ်ပြိုင်ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့