ဟိုမိန်း ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ဟိုမိန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အ.မ.က(မူလွန်)ပန်သပြေကျောင်းတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်း၊အလယ်တန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၉ရက် နံနက်၁၀နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အ.မ.က(မူလွန်)ပန်သပြေကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေမော်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ)ဒေါ်နန်းယိင်းနော်ခမ်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် ကျောင်းသားကျောင်းသူများက ပုံတူပန်ချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဆုရရှိသောကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ပြီး (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး