မူဆယ် စက်တင်ဘာ ၆
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ချို့တဲ့နွမ်းပါးပြည်သူများအား ခရိုင်/မြို့နယ်၊မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် များ၊မြို့နယ်ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များက စုပေါင်း၍ ကာလတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၂၀၀)ကျော်တန်ဖိုးရှိ မီးဖိုချောင်သုံး အစားအသောက်များနှင့်အဝတ်အထည်များကို ယနေ့ နံနက်(၉:၀၀)နာရီ အချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပေးဝေလှူဒါန်းခဲ့ကြပါသည်။
ထိုသို့ ချို့တဲ့နွမ်းပါးပြည်သူများကို ပေးဝေးလှူဒါန်းရာတွင် မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့်နှင့်ဇနီး ဒေါ်ခရေဦးတို့က ကြီးမှူးစီစဉ်ဆောင်ရွက်ခဲ့ကြပြီး မီးဖိုချောင်သုံး ဆန်၊ဆီ၊ဆား၊ကြက်ဉ၊ ခေါက်ဆွဲ၊ကြက်သွန်၊သီးစုံပဲဟင်းဘူး၊ငရုတ်သီးကြော်ဘူး၊ရေသန့်၊ဆေးဝါးနှင့် ငွေသားအလှူငွေများကို ပေးဝေ လှူဒါန်းခဲ့ပါသည်။ထိုသို့လှူဒါန်းရာတွင် မူဆယ်ခရိုင်ရဲတပ်ဖွဲ့နှင့်မိသားစုဝင်များက ကာလတန်ဖိုး မြန်မာငွေ သိန်း(၁၀၀)ကျော်၊ မြို့နယ်ရဲစခန်းမှ ကာလတန်ဖိုး မြန်မာငွေ သိန်း(၂၀)ကျော်၊မူဆယ်မြို့မရဲစခန်းမှ ကာလ တန်ဖိုး မြန်မာငွေ သိန်း(၆၀)ကျော်နှင့် မူဆယ်မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကာလတန်ဖိုး မြန်မာငွေ သိန်း (၁၇)သိန်းကျော် စုပေါင်း၍ ဆန်(၁)ပြည်အိတ်(၁၀၀၀)အိတ်၊ရေသန့်ဘူး(၁၂၀၀)ဘူး၊ သီးစုံပဲဟင်းဘူး (၁၂၀၀) ဘူး၊ မာမီးခေါက်ဆွဲ(၄)ထုပ်ပါ အထုပ်ကြီး(၁၀၀၀)ထုပ်၊ကြက်သွန်၁ပိဿာထုပ်(၁၀၀၀)ထုပ်၊ဆီ၂၅ကျပ်သား ပါဘူး(၁၀၀၀)ဘူး၊ ကြက်ဉ၆လုံးပါကတ်(၁၀၀၀)ကတ်၊ ငရုတ်သီးကြော်ဘူး (၁၂၀၀)ဘူး၊အထွေထွေဆေးဝါး ဘူး(၁၂၀၀)ဘူးနှင့်အဝတ်အထည်တို့အပြင် ရဲမှူးနှင့်ဇနီးက ငွေသားကျပ် သိန်း(၃၀)ကျော်တို့အား ပေးဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အကျိုးပြု ချို့တဲ့ပြည်သူများကိုပေးဝေလှူဒါန်းနေမှုအား မူဆယ်ခရိုင်၊စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဌ၊ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့်ဇနီးတို့ကလည်း လှူဒါန်းပေးဝေခြင်းတို့ကို လိုက်လံ ကြည့်ရှုခဲ့ကာ ဒေသခံပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး