တောင်ကြီး သြဂုတ်-၁၇
(၃၁)ကြိမ်မြောက် တောင်ကြီးတက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ပြပွဲဖွင့်ပွဲ အခမ်းအနားကို သြဂုတ်(၁၇)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တောင်ကြီးတက္ကသိုလ် အနေဖြင့် ဒီဂရီကောလိပ် အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ရောက်ရှိခဲ့သည့် ၁၉၉၂ခုနှစ်မှ ယနေ့အထိ (၃၁)နှစ်တာ ကာလအတွင်း ဘွဲ့နှင်းသဘင်ကို (၂၈)ကြိမ် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၂၉၄၅၀)ဦးကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ မဟာသုတေသနဘွဲ့များ ပေးအပ်နိုင်ခဲ့ပါကြောင်း၊ တက္ကသိုလ် သက်တမ်း (၃၁)နှစ်ပြည့်ပြီ ဖြစ်သည့် တောင်ကြီး တက္ကသိုလ် အနေဖြင့် တက္ကသိုလ်၏ အဓိကလုပ်ငန်းဖြစ်သော သင်ကြားမှု၊ သင်ယူမှုကဏ္ဍတွင် ပထမနှစ်မှ ပါဂူဘွဲ့အကြို သင်တန်းအထိ နေ့သင်တန်း၊ ကျောင်းသား၊ ကျောင်းသူ (၅၂၆၁)ဦး၊ အဝေးသင် သင်တန်းကျောင်းသား၊ ကျောင်းသူ (၁၉၀၇၈)ဦး စုစုပေါင်း(၂၄၃၃၉)ဦးကို ဆရာ၊ ဆရာမ(၃၁၅)ဦး သင်ကြားပေးလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ယခု(၃၁)နှစ်ပြည့်နေ့၏ ပညာသင်နှစ်ကစပြီး စီးပွားရေးပညာ အထူးပြုဘာသာရပ်၊ သဘာဝပတ်ဝန်းကျင် ပညာအထူးပြု ဘာသာရပ်တို့ကို စတင်တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုနိုင်သည်ကို ပြောကြားလို့ကြောင်း၊ တောင်ကြီးတက္ကသိုလ် အနေဖြင့် ဒေသစီးပွားရေးဖွံ့ဖြိုးမှုအတွက် ထောက်အကူပြုနိုင်ရန်၊ အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုမည့် သုတေသနလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည့် အတွက် ပိုမိုထိရောက်အောင် စွမ်းဆောင်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ (၃၁)နှစ်မြောက် တောင်ကြီးတက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ပြခန်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အထိမ်းအမှတ်လက်ဆောင်ပစ္စည်းအား ပေးအပ်ရာ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီတင်မှ လက်ခံရယူ၍ တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေနေမှုနှင့် ဘာသာရပ်ဆိုင်ရာ ပြခန်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများတို့က လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး