တောင်ကြီး မေ-၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် (၃)နှစ်ဆက်တိုက် ချန်ပီယံဆုဖလားရရှိခဲ့သော ဘော်လီဘောအသင်းနှင့် (၂)နှစ်ဆက်တိုက် တတိယဆုရရှိခဲ့သော ရှမ်းပြည်နယ် အမျိုးသမီးဘော်လီဘော အသင်းတို့အား မေ(၁၇)ရက်နေ့က ရှမ်းပြည်နယ်မှကြိုဆိုပါ၏ မုဒ်ဦးရှေ့မှ လမ်းဘေးဝဲယာတစ်လျှောက် တောင်ကြီးပညာရေးကောလိပ်၊ မြို့တော်ခန်းမအဝင် တွင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ပြည်နယ်၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သူနာပြုဆရာမများ၊ ဒေသခံပြည်သူများမှ လက်ဝှေ့အလံငယ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖြာဖြာ ကြိုဆိုကြသည်။
ဆက်လက်၍ ဂုဏ်ပြုချီးမြှင့်ပွဲကို မေ(၁၇)ရက်နေ့ ညနေ(၅)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ် အမျိုးသားဘော်လီဘော အသင်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွင် တံခွန်စိုက်ဖလားကို အကြိမ်ကြိမ်ရရှိခဲ့သော အသင်းဖြစ်ပါကြောင်း၊ ၂၀၁၆ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်းသည် ပထမဆု၊ အမျိုးသမီးအသင်းမှာ တတိယဆု၊ ၂၀၁၉ခုနှစ်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးဒုတိယဆု၊ ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်တွင် အမျိုးသားအသင်း ပထမဆု၊ ၂၀၂၃ခုနှစ် အမျိုးသမီးတတိယဆု ၂၀၂၄ခုနှစ်တွင် ရှမ်းပြည်နယ်အမျိုးသားအသင်း ပထမတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသမီးအသင်း တတိယဆုရရှိခဲ့ပြီး ရှမ်းပြည်နယ် အမျိုးသားဘော်လီဘောအသင်းသည် (၃)နှစ်ဆက်တိုက် ချန်ပီယံဖြစ်ပြီး ရှမ်းပြည်နယ်ဂုဏ်ကိုဆောင်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ရှမ်းပြည်နယ်ဘော်လီဘော အားကစားနည်းသည် ပြည်နယ်တိုင်းအားကစား ပြိုင်ပွဲတိုင်းတွင် အောင်မြင်မှုအကြိမ်ကြိမ်ရရှိခဲ့ပြီး နိုင်ငံ့လက်ရွေးစင်များစွာ မွေးထုတ်ပေးနေသော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားနည်းတစ်ခုဖြစ်၍ ဆက်လက်ထိန်းသိမ်းကြိုးစားသွားကြရန် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရှမ်းပြည်နယ် ဘော်လီဘောဆပ်ကော်မတီများ အားကစားသမားများအားလုံးကို အထူးမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဖလား ရရှိခဲ့သော ရှမ်းပြည်နယ် အမျိုးသားဘော်လီဘောအသင်းမှ တံခွန်စိုက်ဖလားများကို ဘော်လီဘောအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများမှ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်ထံ အပ်နှံပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပထမဆုရှိခဲ့သော အမျိုးသားဘော်လီဘော အသင်းနှင့် တတိယဆုရရှိခဲ့သော အမျိုးသမီးဘော်လီဘောအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများမှလက်ခံရယူကြသည်။
၎င်းနောက်အလှူရှင်များက ဂုဏ်ပြုဆုငွေပေးအပ်ရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ရှမ်းပြည်နယ် အောက်ပွဲရဘော်လီဘောအသင်း နည်းပြဦးဌေးအောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြပြီး အခမ်းအနားတက်ရောက်လာကြသူများ အောင်ပွဲရ အားကစားသမားများကို လက်ဖက်ရည်၊ မုန့်ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့