တောင်ကြီး စက်တင်ဘာ – ၇
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကို စက်တင်ဘာ(၆)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ကျင်းပရေးဦးစီးကော်မတီနာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကတွင် တိုင်းရင်းသားရိုးရာစစ်စစ်ဖြစ်သည့်အဖွဲ့ကို ရွေးချယ်ပြီး ဆောင်ရွက်ပေးကြရန်၊ ဝတ်စားဆင်ယင်မှုတွင် အခြားသော အသုံးအဆောင်ပစ္စည်းများ ရောနှောအသုံးပြု နေကြသောကြောင့် တိုင်းရင်းသားဝတ်စားဆင်ယင်မှု အစစ်ကိုသာ ရွေးချယ်ဆောင်ရွက်ပေးကြရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သတ်မှတ်စည်းမျဉ်း၊စည်းကမ်းအတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲကို အဆင့်ဆင့်မြင့်မြင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး ကော်မတီအနေဖြင့် လိုအပ်ချက်များကို ထောက်ပြဆွေးနွေးပေးကြရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသနှင့် ခရိုင်စီမံအုပ်ချုပ်ရေးမှူးများကလည်း လွတ်လပ်စွာ ဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ဆွေးနွေးပြောကြားပြီး တက်ရောက် လာကြသော လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆွေးနွေးတင်ပြကြ၍ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး