မိုင်းဆတ် စက်တင်ဘာလ ၁၃
(၂၄)ကြိမ်မြောက် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အခမ်းအနားကို စက်တင်ဘာလ (၁၃)ရက် မွန်းလွှဲ (၁)နာရီက မိုင်းဆတ်မြို့၊ ဇီအုန်ဟိုတယ်တွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် အမှတ်(၁၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဗိုလ်မှုးချုပ်အေးမင်းဦးက ဦးဆောင်၍ လက်အောက်ရှိ တပ်ရင်း/ဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးအောင်ဟိန်းကျော် ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝါသနာရှင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများ၊ ဖိတ်ကြားထားသူများအပါအဝင် စုစုပေါင်းအင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး