တောင်ကြီး စက်တင်ဘာ ၁၃
(၂၄)ကြိမ်မြောက် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာလ (၁၃)ရက် မွန်းလွှဲ (၂)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင့်လှိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တောင်ကြီးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ တောင်ကြီးပညာရေဂဒိဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့်တွဲဖက်ပါမောက္ခ၊ တောင်ကြီး ကွန်ပျူတာ တက္ကသိလ်မှ ကျောင်းအုပ်ကြီး၊ တောင်ကြီးနည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ဆရာမကြီး၊ ခရိုင်ပညာရေး မှူး၊ ခရိုင်ပြန်ကားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောင့်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံမူလတန်း/အလယ်တန်း/ အထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများ၊ ဆုရရှိသူများနှင့် ဖိတ်ပြားထားသူများအပါအဝင် စုစုပေါင်းအင်အား(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင့်လှိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ (၂၄)ကြိမ်မြောက် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ဆုချီးမြှင့်ပေးအပ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး