လွိုင်လင် ဇန်နဝါရီ-၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၃) ရက် နံနက် (၉) နာရီတွင် လွိုင်လင်မြို့၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကြည်မြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/သူ များအား လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကြည်မြင့်မှ ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး