တောင်ကြီး ဧပြီ-၁၀
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ဧပြီ(၁၀)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စီမံကိန်းတာဝန်ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုနှစ် ဒေသန္တရစီမံကိန်း ဥပဒေကို ရေးဆွဲရာတွင် ရှမ်းပြည်နယ်၏ လူမှုစီးပွးရေးနယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသားရေး မျှော်မှန်းချက်(၂)ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ စီးပွားရေးမူဝါဒများနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမှန်တကယ် အကောင်အထည်ဖော်နိုင်ပြီး ပြည်သူများအတွက် လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် သာမန်လုပ်ငန်းစဥ်ဟု သဘောမထားဘဲ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့် လုပ်ငန်းစဥ်အဖြစ် ခံယူဆောင်ရွက်သွားကြရန်၊ ရှမ်းပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ ရရှိလာမည့် အသီးအပွင့်များကိုလည်း ပြည်သူပြည်သားအားလုံးရရှိ ခံစားနိုင်ရေးနှင့် အမှန်တကယ် ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများ၊ နိုင်ငံတော်၊ ပြည်နယ်နှင့် ပြည်သူကို အကျိုးပြုသည့် လုပ်ငန်းများကို ဆက်လက်ဖော်ထုတ် ဆောင်ရွက်သွားရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား တာဝန်ပေးအပ်ရာ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီး၊ ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ တောင်ကြီး၊ ကလော၊ လွိုင်လင်၊ နမ့်စန်၊ မိုင်းရှူး၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့သို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ တာဝန်ရှိသူ အသီးသီးတို့မှ လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးမှူးမှ ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး