တောင်ကြီး နိုဝင်ဘာ-၁၇
၂၀၂၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၂) ရက် နိုဝင်ဘာလ (၁၇) ရက်ည (၁၀) နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ပိတ်ပွဲအခမ်းအနားကျင်းပကြောင်းသိရသည်။
ပိတ်ပွဲအခမ်းအနားတွင် တေးဂီတဖျော်ဖြေပွဲများဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားစာပေ ယဥ်ကျေးမှုအဖွဲ့များမှ ကပြဖျော်ဖြေကြပြီး နိုဝင်ဘာလ (၁၇) ရက်ည၏ ပြိုင်ပွဲဝင်မီးပုံးပျံများ ဖြစ်သော ညမီးကြီးယမ်းမီး (၂၂) ပေ မီးပုံးပျံ၊ (၄) လုံးနှင့် စိန်နားပန် မီးပုံးပျံ (၄) လုံး ပြိုင်ပွဲပါဝင်လွှတ်တင်ရာဒေသခံပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဧည့်ပရိတ်သတ်များ၊ ပွဲတော်လာ ဧည့်ပရိတ်သတ်များနှင့် ခေတ်ပေါ်တေးဂီတဝိုင်းအဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ပွဲတော်ကို ပါဝင်ဆင်နွဲကြကြောင်းသိရသည်။
၂၀၂၄ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အား ပိတ်သိမ်းကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကြောငြာပြီး မီးရှူး၊ မီးပန်းများပစ်ဖောက်ခြင်း၊ မီးပုံးပျံအငယ်များလွှတ်တင်ခြင်း၊ ကွင်းပိတ်ပွဲစိန်နားပန်မီးပုံးပျံ (၁) လုံး လွှတ်တင်၍ တန်ဆောင်တိုင် ပိတ်ပွဲသီချင်းဖြင့် တိုင်းရင်းသားစာပေယဥ်ကျေးမှုအကအဖွဲ့နှင့် ပညာရေးဒီဂရီကောလိပ် အကအဖွဲ့တို့မှ တူညီအကဖြင့်တင်ဆက်ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့