ကျိုင်းတုံ ဩဂုတ်-၂၄
ကျိုင်းတုံမြို့၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းတွင် ( ၂၀၂၄ ) ခုနှစ်၊ ဩဂုတ်လ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ( ၂၀၂၄ – ၂၀၂၅ ) ဩဂုတ်လ ( ဒုတိယပတ် ) ပညာသင်နှစ် ကျောင်းကျန်းမာ ရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ( ၂၄ ) ရက် နံနက်( ၉ ) နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ NGO အသင်းအဖွဲ့ဝင်များ၊ အထိမ်းအမှတ်စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူတက်ရောက်ခဲ့ပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ( ၂၀၂၄ ) ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေး ရေးနှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ( ၂၀၂၄ – ၂၀၂၅ ) ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အထိမ်းအမှတ် Video ပြသခြင်း၊ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်း၊ အသက် (၅)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား အားဆေးများ၊ လက်ဆောင်ပစ္စည်းများ နှင့် အာဟာရဖြစ်စေသော အစားအစာများပေးအပ်ခြင်း၊ အထိမ်းအမှတ်ပြခန်းငယ်များအား လှည့်လည် ကြည့်ရှုပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့