မိုင်းဆတ် ဩဂုတ် ၆
၂၀၂၃ခုနှစ်၊ မိုင်းဆတ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ မိုးရာသီမုတ်သုံဖလား အမျိုးသား(အလွတ်တန်း)ကလပ်ပေါင်းစုံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခန့်က အောင်ဇေယျအားကစားကွင်း၌ ကျင်းပရာ အမှတ်(၁၄) စစ်ဆင်ရေး ကွပ်ကဲမှူးဌာနချုပ်၊စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်အေးမင်းဦး၊ ခရိုင်စီမံအုပ်ရေးဥက္ကဌ ဦးအောင်ဟိန်းကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘောလုံးအားကစား ဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြည့်ရှု့ အားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် Dominion FC ဘောလုံးအသင်းနှင့် Lion FCဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ Dominion FC ဘောလုံးအသင်းက ပနတီဂိုး ငါးဂိုး ၊ လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်းသိရသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီအဖွဲ့ အား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ ပြိုင်ပွဲကြီးကြပ်ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုထောက်ပံ့ ငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ တိုးတက်မှုရှိသော လူငယ်ကစားသမားထောက်ပံ့ဆု ချီးမြှင့်ခြင်း၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းကစားသမားဆု၊ အကောင်းဆုံးအလယ်တန်း ကစားသမားဆုနှင့်အကောင်းဆုံးရှေ့တန်းကစားသမားဆု ချီးမြှင့်ခြင်းတို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူ တို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးတင်ထွန်းဝင်းက ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများ ဆုံးဆု၊ ဦးစိုင်းခတ္တိယက အသန့်ရှင်းဆုံးဆုများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်းသိရသည်။
ဆက်လက်၍ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အနိုင်ရဗိုလ်စွဲသွားသော Dominion FC ဘောလုံး အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများအပြင် တစ်ဦးချင်းလည်ဆွဲဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသည့် Lion FC ဘောလုံးအသင်းအား မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က လည်းကောင်း ၊ တတိယဆုရရှိသည့် Youth Dream FC ဘောလုံးအသင်းအား မိုင်းဆတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးနိုင်လင်းထွန်းတို့က ငွေသားဆုများနှင့် တစ်ဦးချင်းလည်ဆွဲဆုများ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ခုနှစ်၊ မိုင်းဆတ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ မိုးရာသီမုတ်သုံ ဖလားအမျိုးသား (အလွတ်တန်း) ကလပ်ပေါင်းစုံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်၅ရက်နေ့မှ ဩဂုတ် ၅ရက်နေ့အထိ ပြိုင်ပွဲဝင် အသင်း (၁၁)သင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး