ကလော နိုဝင်ဘာ-၁၇
(၁၉)ကြိမ်မြောက်ကလောမြို့၊မြို့လုံးကျွတ်မဟာတန်ဆောင်တိုင်ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲဖွင့်ပွဲကိုနိုဝင်ဘာ(၁၆)ရက်ည(၇)နာရီခွဲကကလောမြို့၊မောမြေဦးပန်းခြံ၊မီးရှော်တိုင်ကွင်း၌ကျင်းပသည်။
ကလောမြို့၊မြို့လုံးကျွတ်မဟာတန်ဆောင်တိုင်ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲကိုကလောမြို့၊ကိုးမြို့ရှင်နတ်နန်းတွင်စုရပ်ပြုလုပ်၍ကလောမြို့တောင်ကြီးပြည်ထောင်စုလမ်းမကြီးအတိုင်းကလောနာရီစင်မှမီးရှော်တိုင်ကွင်းသို့လှည့်လည်ကြရာမီးကြာစံထွန်းညှိပူဇော်လှည့်လည်နေမှုကိုပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့်ဇနီး၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့ကကြည့်ရှုအားပေးကြကြောင်းသိရသည်။
ထို့နောက်အခမ်းအနားကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ကျော်ကျော်ဟန်၊ပြည်နယ်ဝန်ကြီးများတို့က(၁၉ )ကြိမ်မြောက်ကလောမြို့၊ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ၎င်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကကလောမြို့မီးရှော်တိုင်နှင့်မီးကြာစံအလှပဒေသာထွန်းညှိပူဇော်ပွဲကိုသာမညဖလအခါတော်နေ့အထိမ်းအမှတ်အဖြစ်မြတ်ဗုဒ္ဓဘုရားရှင်အားတန်ဆောင်တိုင်မီးရှော်တိုင်နှင့်မီးကြာစံအလှပဒေသာများဖြင့်နှစ်စဥ်ပူဇော်နိုင်ရန်၊ကလောမြို့နယ်၏ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကိုဖော်ထုတ်ပြီးရေရှည်တည်တံ့အောင်စောင့်ရှောက်ထိန်းသိမ်းနိုင်စေရန်၊ကလောမြို့၏သဘာဝရာသီဥတုနှင့်တိုင်းရင်းသားတို့၏ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကိုမြန်မာသာမကကမ္ဘာကပါသိရှိပြီးခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ပြီးမြို့နယ်၏ စီးပွားရေးလုပ်ငန်းများပိုမိုတိုးတက်ဖြစ်ထွန်းလာရန်၊ကလောမြို့နယ်၊မြို့နယ်သားများ၊လူငယ်ထုတစ်ရပ်လုံးကတိုင်းရင်းသားရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကိုဖော်ထုတ်ရာတွင်စုပေါင်းညီညာစွဆောင်ရွက်နိုင်မှု၊ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကိုထိန်းသိမ်းနိုင်မှု၊စည်းကမ်းစနစ်ကျနစွာဆောင်ရွက်နိုင်မှုအလေ့အကျင့်ကောင်းများတိုးတက်ဖြစ်ထွန်းလာစေရန်ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲအားစက်ခလုတ်နှိပ်၍မီးပုံးပျံငယ်အလုံး(၂၀၀)လွှတင်ခြင်းနှင့်မီးရှူး၊မီးပန်းများပစ်လွှတ်ပေးခြင်း၊ပြိုင်ပွဲဝင်မီးကြာစံအဖွဲ့များနှင့်တိုင်းရင်းသားရိုးရာအကအလှအဖွဲ့များမှကပြဖျော်ဖြေခြင်းနိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များမှဖျော်ဖြေပေးကြကြောင်းသိရသည်။
ယင်းနောက်ပြိုင်ပွဲဝင်ကလောမြို့ရပ်ကွက်(၃)ကိုယ်စားပြုKalaw-Netမီးရှော်တိုင် အဖွဲ့များမှပစ်လွှတ်ထွန်းညှိပူဇော်ယှဥ်ပြိုင်ကြသည်။အဆိုပါမီးရှော်တိုင်ပြိုင်ပွဲတွင်ကလောမြို့ပေါ်ရှိ(၁၁)ရပ်ကွက်နှင့်ရပ်ကွက်ကျေးရွာတို့မှပါဝင်ယှဥ်ပြိုင်ကြပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ကပြိုင်ပွဲဝင်အသင်းအားဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်းနှင့်ပြိုင်ပွဲတွင်မီးရှော်တိုင်(၁၅)ကိုညစဥ်(၅)တိုင်ဖြင့်နိုဝင်ဘာ(၁၆)ရက်မှ(၁၈)ရက်နေ့အထိ(၃)ရက်ကျင်းပသွားမည့်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့