တောင်ကြီး ဧပြီ-၁၆
မြန်မာ့ရိုးရာမဟာသကြင်္န်ပွဲတော်ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲကိုဧပြီ(၁၆)ရက် ညနေ့(၅)နာရီကတောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ရုံးကြီးလမ်း၌ကျင်းပသည်။
ဦးစွာယိမ်းအကပြိုင်ပွဲမှဆုရရှိသည့် အဖွဲ့များအားဆုချီးမြှင့်ရာ ပဥ္စမ၊စတုတ္ထ၊တတိယဆုရရှိသူများကိုရှမ်းပြည်နယ်ဝန်ကြီးချုပ် ၏ဇနီးမှဆုများချီးမြှင့်ပေး၍ လည်းကောင်း၊ဒုတိယ၊ပထမဆု ရရှိသည့်အဖွဲ့များအမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့များ၊ ပွဲစပွဲဆုံးအခမ်းအနား တင်ဆက်ပေးသည့် အဖွဲ့များအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်ကဆုများချီးမြှင့်ပေးကြသည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာသကြင်္န်ပွဲတော်တောင်ကြီးမြို့ ဗဟိုမဏ္ဍပ်ပိတ်ပွဲ မြန်မာ့နှစ်သစ်ကူးအကြိုနှုတ်ခွန်းဆက်စကားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က၂၀၂၄ခုနှစ်၊ဧပြီလ(၁၃)ရက်နေ့မှစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့်၁၃၈၅ခု မှ၁၃၈၆ခုသို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာမဟာသကြင်္န်ပွဲတော် တွင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးချစ်ခင်ရင်းနှီးစည်းလုံးညီညွတ်စွာပါဝင်ဆင်နွှဲခဲ့ကြသည့် အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့ရိုးရာ မဟာအတာ သကြင်္န် ပွဲတော်ကို ယခုလိုအေးချမ်းသာယာ အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့သည်မှာ ရှမ်းပြည်အစိုးရအဖွဲ့၏ ကြိုးပမ်း ဆောင်ရွက်မှု တစ်ခုတည်းမဟုတ်ဘဲ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်ဦးတစ်ယောက် မကျန်စိတ်ရောကိုယ်ပါဆန္ဒတူညီစွာဖြင့်အတူတကွပူးပေါင်းပါဝင် ခဲ့ကြလို့ ယခုလိုပျော်ပျော်ရွှင်ရွှင် အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မကြာမီအချိန်အတွင်း ရောက်ရှိ လာတော့မည့်၁၃၈၆ခုနှစ်၊မြန်မာနှစ်ဆန်း(၁)ရက်မှစတင်ပြီးတိုင်းရင်းသားပြည်သူများအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အတူမင်္ဂနှစ်သစ်မှာတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စိတ်သစ်လူသစ်နှင့်တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးစေလိုကြောင်း၊ ပြော ကြား ရင်း တောင်ကြီးမြို့ မြန်မာ့ရိုးရာမဟာသကြင်္န်ပွဲတော်ကြီးကို ပိတ်သိမ်းကြောင်းလိုက် ကြောင်း သိရသည်။
ထို့နောက်ယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော်အဆိုတော်များမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့်စုပေါင်းကပြဖျော်ဖြေကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး