ဟိုမိန်း ဒီဇင်ဘာ၆
၂၀၂၃ခုနှစ် ၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းခေးခရိုင် ၊ ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၆)ရက် နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက် ၊ အမှတ်ပေးစည်းမျဉ်း နှင့် အမှတ်ပေးရခြင်းအကြောင်း ၊ ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်လေးများ ပေါ်ထွန်းလာစေရေး ၊ အစုအဖွဲ့များနှင့် ပူးပေါင်းတတ်စေရန် ၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရှင်းလင်းပြောကြားပြီးနောက် အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူများက “အမျိုးသားနေ့ဒို့မမေ့”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမဒေါ်မျိုးအေးသိန်းနှင့်ပြန်/ဆက်ဦးစီးဌာနမှ ဒေါ်အေးထက်ထက်ထွန်း တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား / သူ(၈)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး