ကျိုင်းတုံ နိုဝင်ဘာ-၂၁
ကျိုင်းတုံမြို့၊ အမှတ်( ၂ ) အခြေခံ ပညာအထက်တန်းကျောင်း၊ သံလွင်ခန်းမတွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ” သင်တန်းတက်ရောက် နေကြသည့် အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာ/ ဆရာမ ( ၆၄ ) ဦးတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥဒေချုပ်တို့၏ တွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာလ( ၂၁ ) ရက် နေ့လည် ( ၁၂ ) နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ပညာရေးမှူး ရုံးများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံခရိုင်/ မြို့နယ်ဥပဒေရုံးများမှ တာဝန်ရှိသူများ နှင့် သင်တန်းနည်းပြများ၊ သင်တန်းတက်ရောက်မည့် အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာ/ ဆရာမ ( ၆၄ ) ဦးတို့နှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဥပဒေချုပ် မှ ဥပဒေအသိပညာပြန့်ပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့