တောင်ကြီး ဒီဇင်ဘာ-၇
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ(၇)ရက်၊ နံနက်(၆)နာရီက တောင်ကြီးမြို့၊ မြို့မဈေးကြီးရှေ့တွင် စုရပ်နေရာယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တာလွှတ်ပေး၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လျှောက်လာကြပြီး ရှမ်းပြည်နယ်လွှတ်တော် ရုံးရှေ့ကွေ့၍ ရုံးကြီးလမ်းဟောင်းအတိုင်းလျှောက်ကာ ပြည်နယ်အားကစားကွင်း၌ သွေးပူ လေ့ကျင့်ခန်း အတွဲ(၁)၊ အမှတ်(၂) နှင့် Fitness Dance ပြုလုပ်ကြပြီး အကြောဖြေ လေ့ကျင့်ခန်းများအဖြစ် ဆောင်ရွက်ကြသည်။
ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကစားနှင့် ကာယာပညာ(သိပ္ပံ)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တစ်ပျော်တစ်ပါး အင်အား(၁၂၈၀၀)ကျော်ပါဝင်လမ်းလျှောက်ကြပြီး အားကစား ပြိုင်ပွဲများ ကျင်းပရာ မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုအားပေးကြပြီး မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဆုများချီးမြှင့် ပေးကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ သံလုံးပစ်ပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြကြောင်းနှင့် ဒီဇင်ဘာလမ်းလျှောက်ပွဲတွင် မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ(၁၀၀၀)အပြေးပြိုင်ပွဲ၊ အမြင့်ခုန်၊ အလျားခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲများ ပါဝင်ကျင်းပယှဥ်ပြိုင်ကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန နှင့် Myanmar Power Precast Concrete Co.,Ltdတို့ ပူးပေါင်းဆောင်ရွက်သော တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်လမ်းဆုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုသွားရောက်၍ လုပ်ငန်းဆောင်ရွက်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာန ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးညီညီသန့်မှ ဂနိုင်ကန်လမ်းဆုံ မူလလမ်းအရှည် (၅၃၄)ပေ၊ (၄၁၃)ပေ၊ (၂၅၃)ပေတွင် လုပ်ငန်းများဆောင်ရွက်မည့်အချက်အလက်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြား၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဂနိုင်ရေကန်အတွင်း ကန်ပတ်လည်ခြံစည်းရိုး ကာရံထားမှုနှင့် ရေချောင်းကူးတံတားဆောင်ရွက်မည့်နေရာနှင့် ပန်းပျိုးဥယျာဥ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့