နောင်တရား ဇူလိုင် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင် ကျေးရွာများ၌ ရေသွင်းအာလူးစိုက်ပျိုးထားသည့် တောင်သူများ ဇူလိုင်လ ပထမပတ်တွင် အာလူးတစ်ပိဿာ ၃၈၀၀ ကျပ်အထိ ဈေးကောင်းရရှိလျက်ရှိကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
“ကျွန်တော်တို့နောင်တရားဒေသကတော့ ရာသီဥတု ပုံမှန် ၃၀ ဒီဂရီအောက်မှာဘဲ ရှိတဲ့ အတွက် ထွက်ရှိတဲ့အာလူးတိုင်းက အထားခံပါတယ် ပြီးတော့ အပူပိုင်းဒေသလိုအာလူး အပုပ်နည်း တယ် နယ်ဝေးပို့ရတာအဆင်ပြေပါတယ် ဇွန်လ နောက်ဆုံးပတ်နဲ့ ဇူလိုင်လတွေ မှာ နှစ်တိုင်းလို ဈေးကောင်းရကြပါတယ် ယခုလိုတစ်ပိဿာ ၃၈၀၀ ကျပ်ဈေးကတော့ ကျွန်တော် တို့တောင်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်ဟု” နောင်တရားမြို့မှ အာလူးစိုက်တောင် သူတစ်ဦးကပြောသည်။
နောင်တရားဒေသတွင် မိုးကြို၊ စက(မိုးနှောင်း)၊ ရေးသွင်းအာလူး စသည်ဖြင့် အာလူးကို သုံးကြိမ် စိုက်ပျိုးကြသည်။ မိုးကြိုအာလူးကို မေလနှင့် ဇွန်လ တွင်လည်းကောင်း၊ စက(မိုးနှောင်း)ကို စက်တင်ဘာလနှင့် အောက်တိုဘာလ တွင်လည်းကောင်း၊ ရေသွင်းအာလူးကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တွင်လည်းကောင်း စိုက်ပျိုးကြသည်။
“ပြီးခဲ့တဲ့ မတ်၊ ဧပြီနှင့် မေလ မှာတူးဖော်ခဲ့တဲ့ စားအာလူးတွေ ဈေးကောင်းမရခဲ့ဘူး အပူချိန်မြှင့်တာလည်းပါတယ် အာလူး တူးဖော်ချိန်တိုက်ဆိုင်ကြတဲ့အတွက် ရောင်းလိုအား၊ ဝယ်လိုအား မမျှခဲ့ဘူး ရောင်းလိုအားများခဲ့တဲ့အတွက် အာလူးဈေးကျသွားတဲ့ဘက်ရောက် သွားတာပေါ့ ယခု ဇူလိုင်လအတွင်းမှာ အာလူးတစ်ပိဿာ ၃၈၀၀ ကျပ်အထိ ရရှိကြပြီဖြစ်တဲ့အတွက်ဝမ်းသာမိပါတယ် နောင်တရားက အပူချိန်နည်းတဲ့ဒေသဖြစ်တဲ့အတွက် အာလူးအပုပ်နည်းပါတယ်” ဟု နောင်တရားမြို့မှ အာလူးကုန်သည်တစ်ဦးကပြောသည်။
၂၀၂၄ခုနှစ် မတ်လမှ ဇွန်လအထိ ထွက်ရှိသည့် အာလူးမှာ တစ်ပိဿာလျှင် ကျပ် ၁၄၀၀ မှ ၂၂၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်လပထမပတ်အတွင်းတွင် အာလူးဈေး ကျပ် ၂၅၀၀ မှ ၃၈၀၀ အထိ အရောင်းအဝယ်ဖြစ်သည့်အတွက် အာလူးစိုက်ပျိုးသည့်တောင်သူများ ဝမ်းသာကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့