နောင်တရား အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ အာလူးစိုက်ပျိုးရေးစရိတ် ကြီးမားလွန်းသောကြောင့် စရိတ်လျော့ချနိုင်ရန် အတွက် မိုးကာအုပ်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း အာလူးစိုက်တောင်သူတစ်ဦး ထံမှ သိရသည်။
“နွေရာသီမှာစိုက်တဲ့ အာလူးရေသွင်းစနစ်မှာ စိုက်ပျိုးရေးစရိတ် အရမ်းများလွန်းတယ် အဓိက ဒီဇယ်ပေါ့ တစ်ဧကကို ဒီဇယ် တစ်ပီပါလောက်ကုန်တယ်၊ ရေပိုက်ဈေးနှုန်းတွေ တအားတက်တော့ စပြီးစိုက်တဲ့နှစ်ဆို အကျိုးမြတ်မရှိဘူး ဘောင်တင် မိုးကာအုပ်ပြီး အစက်ချ စနစ်နဲ့စိုက်ရင် လုပ်သားခစရိတ် လျော့မယ်၊ ဒီဇယ်နဲ့ရေတင်စရိတ်လျော့မယ်၊ ရေနဲ့ မြေဩဇာ အလေအလွင့်လျော့ကျမယ် အာလူးတူးချိန်လည်း စက်နဲ့တူးလို့ရမယ် စတဲ့ အားသာချက်များ ရှိပါတယ်” ဟု နောင်တရားမြို့ အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။
နွေရာသီ၌ အာလူးကိုရေသွင်းစနစ်ဖြင့် စိုက်ပျိုးရာတွင် ရေပန်းစင်သည့် စနစ်ဖြစ် အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်တွင် ရေပန်းစင်ရန်အတွက် ပိုက်ဈေးတန်ဖိုးမြင့်မားခြင်း လုပ်သားစရိတ် မြင့်မားခြင်း၊ ဒီဇယ်ဈေးနှုန်းမှာ ယခင်နှစ်များထက်များနေခြင်းကြောင့် စိုက်ပျိုးရေးကုန်ကျစရိတ် ကြီးမားလာပြီး ကုန်ကျစရိတ်လျော့ချနိုင်ရန်အတွက် ဘောင်တင်၊ မိုးကာအုပ်၊ ရေအစက်ချစနစ်ဖြစ် ယခု မိုးကုန်အာလူးတွင်စမ်းသပ်စိုက်ပျိုးထားကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး