တောင်ကြီး ဒီဇင်ဘာ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့၊ အသင်းအဖွဲ့ဆိုင်ရာ အစည်းအဝေးကို ဒီဇင်ဘာလ(၁၁)ရက် နံနက်(၁၀)နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအေးလှိုင်က အမှာစကားပြောကြားသည်။ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ချိုက ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)တွင် တွေးနွေးဆုံးဖြတ်ခဲ့သည့် အချက်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ယာယီမှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသည့် အသင်းအဖွဲ့(၁၃)ဖွဲ့အား အတည်ပြုမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး